မူလစာမျက်နှာ

Monday, January 30, 2012

အမေ ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ခရီး ဓာတ်ပုံများနှင့် ဗီဒီယို

အမေ ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့သို့ ခရီး ဓာတ်ပုံများ


ရိုက်တာက တင်ထားတဲ့ ဒေါ်စုရဲ့ ထားဝယ်ခရီးစဉ်သတင်းပါ...

ဇန်နဝါရီလ ၂၉ ရက်နေ့က သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တိုင်းပြင်ပ ပါတီစည်းရုံးရေးအဖြစ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ပေါင်းစုံကို နေ့ချင်းပြန် သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း သောင်းနဲ့ချီတဲ့ ထားဝယ်မြို့သူမြို့သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို နွေးနွေးထွေးထွေး လှိုက်လှဲစွာ ဂုဏ်ပြု ကြိုဆိုခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်သို့ ပထမဆုံးအကြိမ်
နိုင်ငံရေး ခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါသည်။ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ် လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နံနက် ၉ နာရီခန့်တွင်
ထားဝယ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား မိန့်ခွန်း ပြောကြား သွားခဲ့ပါသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည်
ထားဝယ်မှ တဆင့် လောင်းလုံးမြို့၊အောက်ရေဖြူရွာ၊ ကမြောကင်း၊ မောင်းမကန် စသည့် နေရာများသို့ သွားရောက်၍ ပြည်သူများအား နှုတ်ဆက်စကားနှင့်
မိန့်ခွန်းများ ပြောကြားခဲ့ကာ မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် ထားဝယ် လေဆိပ်မှ မြန်မာ့ လေကြာင်းဖြင့် ရန်ကုန်သို့ ပြန်လည် ထွက်ခွာ လာခဲ့သည်ဟု သိရှိ
ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီ ခရီးစဉ်

c.c ထားဝယ်မြို့ , 7 Day News Journal  Fb,Burma vj Media Network,RFA

0 မှတ်ချက်:

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to အပေါ်သို့